အက္ခရာစဉ်ခြင်း
မြန်မာအက္ခရာစဉ်ခြင်းမှာ အောက်ပါ ဦးစားပေး အစီအစဉ်အတိုင်းဖြစ်သည်။
၁။ ဗျည်း
၂။ ဗျည်း သရ
၃။ ဗျည်း ဗျည်းတွဲ(များ) သရ
၄။ ဗျည်း ဗျည်းတွဲ(များ) သရ အဆုံးသတ်ဗျည်း
ဗျည်းစဉ်
က ခ ဂ ဃ င
စ ဆ ဇ ဈ ဉ/ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အ
သရစဉ်
အ အာ အာ့ အား အာ့
အိ/ဣ အီ/ဤ အီ့ အီး အီ့း
အု/ဥ အူ/ဦ အူ့ အူး/ဦး အူ့း
အေ အေ့ အေး
အဲ အဲ့
အော/ဩ အော့ အော်/ဪ အော့်
အံ အံ့
အို အို့ အိုး
အက် အိက် အုက်/ဥက် အောက် အိုက်
အုခ်
အဂ် အိဂ် အုဂ်
အင် အင့် အင်း အောင် အောင့် အောင်း အိုင် အိုင့် အိုင်း
အစ် အာစ် အိစ်/ဣစ် အုစ်/ဥစ်
အဇ်
အဉ် အဉ့် အဉ်း အာဉ် အိဉ် အုဉ်း အေဉ်
အည် အည့် အည်း ဧည့်
အဋ် အိဋ်/ဣဋ် အုဋ် အေဋ် အောဋ်
အာဌ်
အဏ် အာဏ် အိဏ် အုဏ်/ဥဏ် အိုဏ် အိုဏ်း
အတ် အာတ် အိတ်/ဣတ် အုတ်/ဥတ် အေတ်
အဒ် အာဒ် အိဒ်/ဣဒ် အုဒ် အိုဒ်
အန် အန့် အန်း အာန် အိန်/ဣန် အိန့် အိန်း အုန် အုန့် အုန်း
အပ် အိပ် အုပ်/ဥပ် အောပ်
အဗ် အိဗ် အုဗ်
အာဘ်
အမ် အမ့် အမ်း အုမ်/ဥမ် အုံ/ဥုံ အုမ့် အုံ့ အုမ်း အုံး
အယ် အယ့် အာယ် အိုယ် အိုယ့်
အာရ် အေရ် အိုရ်
အလ် အိလ် အုလ် အိုလ်
အသ် အာသ် အိသ်/ဣသ် အုသ်/ဥသ် အေသ် အိုသ်
အဟ် အာဟ် အိဟ် အိုဟ်
အိုဠ်
ဗျည်းတွဲစဉ်
ျ(ယပင့်) ြ(ရရစ်) ွ(ဝဆွဲ) ှ(ဟထိုး)
ျွ(ယပင့်ဝဆွဲ) ြွ(ရရစ်ဝဆွဲ) ျှ(ယပင့်ဟထိုး) ြှ(ရရစ်ဟထိုး)
ွှ(ဝဆွဲဟထိုး) ျွှ(ယပင့်ဝဆွဲဟထိုး) ြွှ(ရရစ်ဝဆွဲဟထိုး)
မှတ်ချက်
၁။ ပါဌ်ဆင့်ပုဒ်များ၊ ကင်းစီးပုဒ်များကို ရိုးရိုးအသတ်ပါပုဒ်များနှင့် တစ်ပေါင်းတည်း စဉ်သည်။
၂။ အောက်ပါ သံယုဂ်ဗျည်းတွဲများကို အမြင်အတိုင်း ရိုးရိုးအက္ခရာနောက်မှ စဉ်သည်။
ဉ၊ ည။ ယ၊ ယျ။
၃။ အမြစ်ပါသောပုဒ်တို့ကို အမြစ်မပါသော ဆိုင်ရာ မူလပုဒ်နောက်မှ စဉ်သည်။
အာ၊ အာ့။ အား၊ အာ့း။
အီ၊ အီ့။ အီး၊ အီ့း။
အူ၊ အူ့။ အူး၊ အူ့း။
၄။ ဝိသဇ္ဇနီသံ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စာလုံးပေါင်းအတိုင်းစဉ်သည်။
ဧချင်း (အေအုပ်စု)
ဧရာဝတီ (အေအုပ်စု)
သင်္ခါရ (အင်အုပ်စု)
သင်္ဘော (အင်အုပ်စု)
မန္တရား (အန်အုပ်စု)
မန္တန် (အန်အုပ်စု)
၅။ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ၊ ဪ အက္ခရာများကို အိ၊ အီ၊ အု၊ အူး၊ အေ၊ အော၊ အော်တို့နှင့် ကာရန်အလိုက် ရော၍ တစ်ပေါင်းတည်း စဉ်သည်။
1 comment:
ရှာလို့ရအောင် တခုခုလုပ်ပေး ထားပါလား။
ကျေးဇူးအင်တိုံကြီးနှင့်
Post a Comment